Loading...

ရွှေသစ်တော(ဂရု) ကုမ္ပဏီလီမိတက် အကြောင်းအကျဉ်း

     Golden Forest Co., Ltd ရွှေသစ်တော(ဂရု) ကုမ္ပဏီ လီမိတက်သည်  အပြည်ပြည် ဆိုင်ရာကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊  အပြည်ပြည်ဆိုင်ရာ ထောက်ပံံ့ပို့ဆောင်ရေး  လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စီးပွားဖြစ်ကွန်ကရစ် ထုတ်လုပ်ရေး လုပ်ငန်း၊ အပေါ့စားသံမဏိထည်ပစ္စည်း စီမံပြုပြင်ထုတ်လုပ်ရေးလုပ်ငန်း၊ အကြီးစားသံမဏိ ပစ္စည်း ထုတ်လုပ်တပ်ဆင်ရေးလုပ်ငန်း၊ လက်ရှိခေတ်ပေါ်စက်ရုံအလုပ်ရုံ ဆောက်လုပ်ရေး လုပ်ငန်း……….စသောလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိသောပေါင်းစပ် စီးပွားလုပ်ငန်းစုကြီး တစ်ခုဖြစ်ပါသည်။

     ကုမ္ပဏီဥက္ကဋ္ဌနှင့်အထွေထွေမန်နေဂျာ ဖြစ်သော Mr. Lin Hui Chun သည် ကုမ္ပဏီ အခြေခံသဘောတရားဖြစ်သော “ရိုးသားစွာပြုမူနေထိုင်၊ မှန်ကန်စွာပြုလုပ်ဆောင်ရွက်” ဟူသောဝါဒနှင့်အညီ ကုမ္ပဏီကိုဦးဆောင်လုပ်ကိုင်ကာ မြန်မာ့ဈေးကွက်အတွင်းသို့ လုပ်ငန်းထိုးဖောက်ချဲ့ ထွင်လျက်ရှိသည်။  

လုပ်ငန်းစုလက်အောက်ရှိ ‘ရွှေသစ်တောဆောက်လုပ်ရေးကုမ္ပဏီလီမိတက်’ သည် အကြီးစားသံမဏိပစ္စည်းထုတ်လုပ်ရေး၊ သံမဏိကိုယ်ထည်စက်ရုံ အဆောက်အအုံ အလုံးစုံ ပုံစံဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်း နှင့် ဆောက်လုပ်ရေး ကုန်ကြမ်း   ပစ္စည်းလုပ်ငန်း များကိုလုပ်ကိုင်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတစ်ခုဖြစ်ပါသည်။
‘GuangHuanကွမ်းဟွမ်အပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်’  သည် အသင့်ဖျော် အဆင့်မြင့် ကွန်ကရစ်၊ အသင့်သုံးတပ်ဆင်ကွန်ကရစ်ပြား၊ ကြမ်းခင်းပစ္စည်း၊ ကြမ်းခင်းအုတ်ပြား များကိုထုတ်လုပ်လျက်ရှိပြီး ထုတ်ကုန်ပစ္စည်းများသည် အများအားဖြင့် အိမ်ဆောက် လုပ်ရေး၊ နံရံတံတိုင်းဆောက်လုပ်ရေး၊ လမ်းခင်းလုပ်ငန်းများတွင် အသုံးများကာ မြန်ဆန်  စွာသယ်ယူ တပ်ဆင်နိုင်သော အကျိုးကျေးဇူး ရှိပါသည်။ ‘Xinyiyaရှင်းရီးယာဟိုတယ်’ သည် မန္တလေးသို့လာရောက် စီးပွားရေးလုပ်ကိုင်သော ပြည်တွင်းပြည်ပ ခရီးသည်များကို  ဝန်ဆောင်မှုပေးလျက်ရှိပါသည်။   

ရွှေသစ်တောလုပ်ငန်းစုကြီး၏ ကုမ္ပဏီရုံးချုပ်သည် ရန်ကုန်မြို့တွင် တည်ရှိပြီး  နေပြည်တော်၊ မန္တလေး၊ မှုံရွာ၊ ပဲခူး မြို့ များတွင် ကုမ္ပဏီရုံးခွဲများလည်းရှိကာ ရန်ကုန်  စက်မှုဇုံအသီးသီးရှိဆောက်လုပ်နေသောလုပ်ငန်းနေရာများသို့လုပ်သားအဖွဲ့အစည်းများကို တပ်ချထားပါသည်။  ကုမ္ပဏီတွင် လက်ရှိဝန်ထမ်းစုစုပေါင်းဦးရေ ၅၀၀ ကျော်ရှိပြီး ပြည်တွင်းပြည်ပ ပုံစံဆွဲဆရာ၊ ဒီဇိုင်းဆရာ၊ အင်ဂျင်နင်ယာများ ၆၀ ဦးခန့်ရှိပါသည်။ အကြီးစား စီမံကိန်းကြီးများအတွက် လိုအပ်သည့် အထောက်အပံ့ ပစ္စည်းကိရိယာ များလည်း အပြည့်အစုံထားရှိပါသည်။ ကုမ္ပဏီ၏ပိုင်ဆိုင်မှုတန်ဖိုးစုစုပေါင်းမှာ အမေရိကန်  ဒေါ်လာ သိန်း၂၀၀ ရှိပါသည်။ ကုမ္ပဏီ၏ အဓိကလုပ်ငန်းမှာ စက်ရုံအလုပ်ရုံဆောက်လုပ်  ရေးလုပ်ငန်းဖြစ်ပြီး နည်းပညာတီထွင်ဆန်းသစ်ခြင်း၊ လက်တွေ့လေ့လာပုံစံဒီဇိုင်းဆွဲခြင်း၊  သံမဏိပစ္စည်းထုတ်လုပ်ခြင်း၊ ဆောက်လုပ်ရေးကန်ထရိုက်ပြုလုပ်ခြင်း၊ လုပ်ငန်း အရည်အသွေး စမ်းသပ်ထိန်းသိမ်းခြင်း စသောလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်လျက်ရှိကာ စက်ရုံအလုပ်ရုံ၊ လမ်းတံတားဆောက်လုပ်ရေးများကို အစအဆုံးဦးစီး တည်ဆောက်နိုင်သော အရည်အသွေးမြင့် ကောင်းမွန်သော ပေါင်းစပ်ဆောက်လုပ်ရေးလုပ်ငန်း  စုကြီးတစ်ခုဖြစ်ပါသည်။  

ကုမ္ပဏီသည် ဆောက်လုပ်ရေးအင်ဂျင်နင်ယာများ၏လုပ်ငန်း အပေါ်ထားရှိသော စေတနာ၊ လုပ်ငန်းကျင့်တတ်တရား များနှင့်အညီ မြန်မာနိုင်ငံတွင် အရည်အသွေးကောင်းမွန်သော စီမံကိန်းကြီးများစွာကို ဆောက်ရွက်ပြီးစီးထားပြီဖြစ်သည်။  အရည်အသွေးကိုဦးစားပေးသော ဦးတည်ချက်နှင့်အညီ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်  တွင်ကောင်းမွန်သော ပုံရိပ်နှင့် အများအသိအမှတ်ပြုချီးကျူးခြင်းများစွာလည်းရရှိ  ထားပါသည်။
 
embed_bde3ab05e549e967caeb93e886d710c8.jpg

   ရွှေသစ်တောကုမ္ပဏီသည် ၂၀၁၂ခုနှစ်မှစ၍မြန်မာ့ဈေးကွက်တွင် စတင်လုပ်ကိုင်လာခဲ့ရာ ဖောက်သည်၊အလုပ်အပ်သူ၊ဝယ်ယူသူများကိုအစဉ်အမြဲလေးစားသောစိတ်ဓာတ်ဖြင့်  ဖောက်သည်များ၏လိုအပ်ချက်များအပေါ်တွင် မှုတည်ပြီး မြန်ဆန်ကောင်းမွန်သော ဝန်ဆောင်မှုနှင့်သေသပ်စနစ်ကျသောလုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးကောင်းလက်ရာဖြင့် လုပ်ကိုင်လျက်ရှိရာ ဖောက်သည်အသစ်အဟောင်းများ၏ အသိအမှတ်ပြုခြင်းကို ရရှိထားပြီးဖြစ်ပါသည်။ မှုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန် နှင့်မြန်မာပြည်အနှံ့တွင်   ကျွန်ုပ်တို့ကုမ္ပဏီ၏ လုပ်ငန်းလက်ရာများကို မြင်တွေ့နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံလုပ်ငန်းစုံ ကဏ္ဍအသီးသီး စက်ရုံအလုပ်ရုံအခြေခံအဆောင်အအုံ ဆောက်လုပ်ခြင်းအတွက် အထောက်အကူများစွာပေးလျက်ရှိပါသည်။ ထို့အတူ မြန်မာ့လူမှုရေးကဏ္ဍ ပရဟိတလုပ်ငန်းများအတွက်လည်း တွန်းအားတစ်ရပ်အဖြစ်ရပ်တည်နေပြီး မြန်မာ့အစိုးရ ပေးအပ်ချီးမြှင့်သော ဆုတံဆိပ်များစွာလည်းရရှိထားပါသည်။

  လုပ်ငန်းစုလက်အောက်ရှိ‘GuangHuanကွမ်းဟွမ်အပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်’ သည် မြန်မာဝမ်ပေါင် လက်ပတောင်းကြေးနီစီမံကိန်း အခြေခံအဆောက်အအုံ ဆောက်   လုပ်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူလျက်ရှိပါသည်။ ကုမ္ပဏီ  သည်အောက်ခြေအလုပ်များကိုလုပ်ငန်းသေးသော်လည်း စက်ပါလက်ပါလုပ်ကိုင်ခဲ့ပါသည်။  နံရံတံတိုင်းဆောက်လုပ်ခြင်း၊ ရေစီးမြောင်းများဆောက်လုပ်ခြင်း စသောလုပ်ငန်းသေး မှ စတင်လုပ်ကိုင်ခဲ့ပြီး ကြေးနီစီမံကိန်း၏ အကြီးစားသံမဏိကိုယ်ထည်အလုပ်ရုံ၊ ရုံးခန်းများ၊    
  မြန်မာ့လုပ်သားနှင့်လုံခြုံရေးစခန်းများ၊ လုပ်ငန်းကိုတဆင့်ပြီးတဆင့်ကောင်းမွန်စွာ လုပ်ကိုင်  ဆောင်ရွက်ခဲ့ရာ မြန်မာဝမ်ပေါင်းကုမ္ပဏီ၏အသိအမှတ်ပြုခြင်းကိုခံခဲ့ရပါသည်။ 

ကုမ္ပဏီသည် ကြေးနီစီမံကိန်းကြီးတွင် စီမံကိန်းနယ်မြေ 25KM နံရံတံတိုင်း    ဆောက်လုပ်ခြင်းလုပ်ငန်း၊ ရေဆိုးရေညစ်သန့်စင်ရုံလုပ်ငန်း၊ မြန်မာ့လုပ်သား  ထမင်းစားခန်းဆောက်လုပ်ရေးလုပ်ငန်း၊ မြန်မာ့လုပ်သား စခန်းနေရာ ဆောက်လုပ်ရေးလုပ်ငန်း၊   လုံခြုံရေးစခန်းဆောက်လုပ်ရေးလုပ်ငန်း၊ SK သတ္တုထုတ်လုပ်ရေးရုံးခန်းဆောက်လုပ်ရေးလုပ်ငန်း၊ အသေးစားယာဉ်ပြုပြင်ရာနေရာဆောက်လုပ်ရေးလုပ်ငန်း၊ တရုတ်ဘက်ဆိုင်ရာရုံးခန်းဆောက်လုပ်ရေးလုပ်ငန်း၊ တရုတ်ဘက်ဆိုင်ရာ အားကစားရုံ၊ အပန်းဖြေစခန်း   ဆောက်လုပ်ရေးလုပ်ငန်း၊ တရုတ်ဘက်ဆိုင်ရာစခန်းသွားလာရေးလမ်းခင်းခြင်းလုပ်ငန်း၊ ယာဉ်ရပ်နားစခန်းဆောက်လုပ်ရေးလုပ်ငန်းများ ကိုတာဝန်ယူဆောက်လုပ်ခဲ့ပါသည်။   

ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၁၀သိန်း ရင်းနှီးမြှုပ်နှံပြီး ဂျပန်နည်းပညာအသုံးပြု    အကျယ် ၄၀၀၀၀ စတုရန်းမီတာရှိ အသင့်သုံး ကွန်ကရစ်ပြားထုတ်လုပ်ရုံ ကိုတည်ထောင်ခဲ့ ပါသည်။

 ရွှေသစ်တော(ဂရု)ကုမ္ပဏီလီမီတက်သည်‘မြန်မာတွင်အခြေချ၊ အာဆီယံသို့ခြေလှမ်း’ ဟူသောမျှော်မှန်းချက်နှင့်အညီ မိတ်ဆွေပေါက်ဖော်များနှင့်အတူတကွလက်တွဲပြီး ပူးပေါင်း  ဆောင်ရွက် ရလဒ်တူညီခံစားရစေမည်ဖြစ်သည်။ စီမံခန့်ခွဲနှင့်ထုတ်လုပ်ရေးတွင်ထူးချွန်  သည့်လူတော်များ၊ စီမံခန့်ခွဲဝန်ဆောင်မှုတိုးတက်ခြင်း၊ ပိုမိုကောင်းမွန်သောနည်းပညာ၊  ထူးခြားသာလွန်သောအရည်အသွေး၊ အကောင်းဆုံးသောဝန်ဆောင်မှု၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော လုပ်ငန်းဆောင်ရွက်မှု စသည်တို့ကို မြန်မာပြည်သူများအား မိတ်ဆက်  အကျိုးပြုသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့ကုမ္ပဏီကို နည်းပညာ၊ ကျွမ်းကျင်မှုလက်ရာ၊ အရည်အသွေး နှင့်ပြည့်စုံသော နိုင်ငံတကာစံချိန်မီလုပ်ကိုင်နိုင်စွမ်းအားစွမ်းရည် ပြည့်ဝသော ကုမ္ပဏီကောင်းတစ်ခုအဖြစ်တည်ဆောက်သွားမည် ဖြစ်ပါတော့သည်။
embed_3a486cd7f774985e212feac6abacba2c.jpg
Power By SITES.COM.MM မှတ်ချက်ပေး:0.0156 စက္ကန့်